- Get link
- X
- Other Apps
- Get link
- X
- Other Apps
Puma စွမ်းအင်ကုမ္ပဏီ မြန်မာပြည်မှထွက်ခွာကြောင်း ထုတ်ပြန်ကြေညာ
လီလီယန်/People’s Spring
Puma စွမ်းအင်ကုမ္ပဏီသည် Puma Energy Asia Sun(PEAS) နှင့် National Energy Puma Avation Services(NEPAS) တို့ရှိ
အစုရှယ်ယာများကို ရောင်းချကာ မြန်မာပြည်မှထွက်ခွာကြောင်း
ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
Justice For Myanmar ၏ ဖော်ပြချက်အရ
NEPAS သည် မြန်မာစစ်ကောင်စီထိန်းချုပ်ထားသော
မြန်မာ့ရေနံထွက်ကုန်လုပ်ငန်း(MPPE)နှင့်အကျိုးတူပူးပေါင်းထားသည်။
MPPE သည် မြန်မာစစ်တပ်အတွက် လေယာဥ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည်။
မြန်မာပြည်မှ Puma ထွက်ခွာကြောင်းထုတ်ပြန်ချက်သည်
လေယာဥ်ဆီ ပိတ်ဆို့ရေး အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုလှုပ်ရှားမှုနှင့်
မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ NUG ၏ ဖိအားပေးမှုများကြားတွင်
ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်သည့်
စစ်ကောင်စီ၏ မဆင်ခြင်သော လေကြောင်းတိုက်ခိုက်မှုများကို အထောက်အပံ့ဖြစ်စေနိုင်သော
လေယာဥ်ဆီရရှိရေး တားမြစ်ခြင်းအပါအဝင် Puma အနေဖြင့်
စစ်အုပ်စုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုရန် JFM က တောင်းဆိုသည်။
Puma ၏ ယခုထွက်ခွာမှုတွင်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်
ညှိနှိုင်းဆောင်ရွက်ရမည်ဟု JFM က တိုက်တွန်းသည်။
ထို့အပြင်
Puma Energy သည် NEPAS အစုရှယ်ယာများကို ပြည်တွင်းကုမ္ပဏီသို့ရောင်းချမှုတွင်
ယင်းကုမ္ပဏီ၏ အမည်ကို ကြေညာခြင်းမရှိဘဲ အမြန်ဆုံး ထုတ်ပြန်ကြေညာရမည်ဟု
JFM က တောင်းဆိုသည်။
နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လေယာဥ်ဆီပိတ်ဆို့ဒဏ်ခတ်ခြင်းဖြင့်
မြန်မာစစ်တပ်၏ မဆင်ခြင်သော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန်
ချက်ချင်းအရေးယူလုပ်ဆောင်ရမည်ဟု JFM က တိုက်တွန်းသည်။
#အောက်တိုဘာ ၆
#peoplespring

Comments
Post a Comment