- Get link
- X
- Other Apps
KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF အဖွဲ့ ၂၅ ဖွဲ့ပေါင်းပြီး တပ်ပေါင်းစုဖွဲ့ကာ စစ်အာဏာရှင်ကို တိုက်ခိုက်မည်
- Get link
- X
- Other Apps
တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF အဖွဲ့ ၂၅ ဖွဲ့ပေါင်းပြီး
တပ်ပေါင်းစုဖွဲ့ကာ စစ်အာဏာရှင်ကို တိုက်ခိုက်မည်
အောက်တိုဘာ ၃
ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၁ သထုံခရိုင်အတွင်းရှိ
စစ်အာဏာရှင်ကို တော်လှန်နေသော ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့ပေါင်းစည်းပြီး
KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု
အဖြစ်ဖွဲ့စည်းကြောင်း သတင်းရရှိသည်။
ဒေသတွင်း ပြန့်ကျဲနေသော PDF များ၊ ပကဖ များ၊ ပြောက်ကျားအဖွဲ့များပေါင်းစည်းကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး
တစ်ခုတည်းသော ကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု) ဖြင့် စစ်ကောင်စီကို ညီညွတ်စွာ တော်လှန်သွားမည်ဖြစ်ကြောင်း
မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ က
အောက်တိုဘာလ ၃ ရက် ယနေ့ ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ အဖွဲ့အစည်း ခေါင်းဆောင်၊ တာဝန်ခံများအားလုံးပါဝင်သည့်
တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး
မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ
မှတ်ပုံတင်ကတ်ပြားစိစစ်ထုတ်ဝေခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အချို့
ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
#အောက်တိုဘာ ၃
#KhitThitMedia


Comments
Post a Comment