- Get link
- X
- Other Apps
- Get link
- X
- Other Apps
မုံရွာ၊ ညောင်ဖြူပင်ရဲစခန်းကို မဟာမိတ် PDF များဝင်တိုက်မှု
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး တေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ ရဲစခန်းကို မဟာမိတ် PDF တပ်ပေါင်းစုက
အောက်တိုဘာလ ၂ ရက် နေ့ နံနက် ၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ရာ
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး တေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း
မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းနှင့် မြင်းခြံရှိ PDF များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
ရဲစခန်းတွင်း၌ ခံစစ်ကို အခိုင်အမာတည်ဆောက်ထားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့်
စခန်းမသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက ပြောသည်။
"သူတို့ စခန်းခိုင်မာမှုကြောင့်ရယ် ၊မိုးသည်းထန်စွာရွာနေတာရယ်ကြောင့် စခန်းသိမ်းခွင့်မရခဲ့ပါဘူး။
၁၀ ဦး တေပီး ၅ယောက်ဒဏ်ရာရတာမှာ နောက် ထပ် ၂ ယောက် တေတယ်လို့လည်းသတင်းရရှိပါတယ်" ဟု
မြင်းခြံခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူ ကပြောသည်။
ညောင်ဖြူပင်ရွာ ရဲစခန်းကို
မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃မြင်းခြံ ခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊
Scorpions people defense Force)၊ စစ်ကိုင်းတိုင်း တပ်ရင်း ၁၊ MSPDF ၊
Natogyi Regional Defense Force နှင့်မဟာမိတ်အဖွဲ့များက
ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
#အောက်တိုဘာ ၃
#KhitThitMedia
ဓာတ်ပုံ-စစ်ကိုင်းတိုင်းတွင် စစ်ဆေးနေသည့် အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Comments
Post a Comment