- Get link
- X
- Other Apps
- Get link
- X
- Other Apps
တရားဝင်ပြောလို့ နဲနဲပြောပြမယ်။
(ဤကား စကားအစ)
ငှက်ပစ် ပရောဂျက်တွေ ရာထားချက်ထက်ပိုအောင်တာတောင် တော်လှန်ရေးမှာ လက်ဆုတ်လက်ကိုင်မပြနိုင်ဘူး ဘာညာပေါ့။
ထိုဝေဖန်တဲ့အထဲ ကျနော်လည်းပါတယ်။
ကျနော်က NUG လုပ်ရပ်တိုင်း မထောက်ခံသလို
အမှားကိုလည်း ဝေဖန်အကြံပြုပြီး
အမှန်ဆိုရင်လည်း ထောက်ခံပါတယ်။
NUG ဘောမ နီပိတ် အပြောမခံနိုင်ပါဘူး။
အောက်ခြေပြည်သူတွေ PDF တွေ အထိနာလေ
NUG ကို အားမရလပေဲ။
ကျနော်တို့တော်လှန်ရေးက နိုင်ငံတကာကို
အားကိုးမရသလို UN တွေ EUတွေဆိုတာက
စာထုတ်တာ ဝမ်းနည်းတာကလွဲလို့ ဘာအကျိုးကျေးဇူးမှ မရတာလေ။
ဒါကြောင့် ကျနော်တို့ ဟာ နောက်ဆုံးမျှော်လင့်ချက်
နောက်ဆုံး အားကိုးရာက NUG မှ တပါး အခြားမရှိဘူး။
NUG က အထနှေးလေ အားမရလေ ဝေဖန်သံထွက်လေပေါ့။
သို့သော်
မြေပြင်ပဂတိတရားနဲ့ ဖြစ်တည်မှု
လက်တွေ့လုပ်ဆောင်မှုကိုတော့ အွန်လိုင်းကနေ
လေကန်နေယုံဖြင့် မသိနိုင်ဘူး။
ဟာ နုကြည်လုပ်တာမှားတယ်။
မပြက်သားဘူး မလုပ်နိုင်ရင်ထွက် ဘာညာက အစပေါ့။
မြေပြင်အနေအထား လက်တွေ့လုပ်ဆောင်ချက်တွေဟာ
တော်လှန်ရေး ထဲထဲဝင်ဝင် လုပ်ဆောင်ပါမှ
ပိုသိနိုင်မယ်မဟုတ်လား။
တစ်နေ့က သန်း300 ဘက်ဂျက်အောင်တော့
ပရောဂျက်က အောင်ပြီ NUG ဘာလုပ်မလဲ
သန်း 300 ဆိုတာ အများကြီးပဲ။
တော်လှန်ရေးမှ သုံးပါ့မလား သို့လော သို့လောသာ
ပြောနေကြတာ
https://www.videosprofitnetwork.com/watch.xml?key=3
တကယ်တမ်း အဲဒီ သန်း300 ဟာ
AK အလတ် 20 တောင် ရလား မတွေးကြဘူး။
Ak ကျည် တစ်တောင့် တစ်သောင်းနီးပါး ပေးဝယ်ရတာ
မတွက်ကြဘူး။
ထားတော့...
6လ ပိုင်းလောက်က မြစ်ကြီးနားဘက်သွားတော့
စစ်ဆေးဂိတ် ၇ ဂိတ်လောက်ဖြတ်ရတယ်။
အသေအလဲ စစ်တယ်။
တစ်နေ့က သွားတော့
နန်စီအောင် စစ်ဆေးရေးဂိတ် ပဲရှိတော့ပြီး
မှတ်ပုံတင်သာ စစ်ပြီး ရေနွေးအတည်မပြက်
အသွားပြခိုင်းပြီ။
PDF စစ်ဆေးရေးဂိတ်ရှိသည်။
မှတ်ပုံတင်စစ်တယ်။
စစ်တပ်ထွက်ကုန်စစ်တယ်။
ဒါဟာ မြစ်ကြီးနားခရီးစဉ်သာ ပြောပြတာဖြစ်ပြီး
ကျန် စစ်ကိုင်းတိုင်းထဲ နေရာအတော်များများ
စစ်တပ်ဂိတ်တွေ မရှိသလောက် ကြဲသွားပြီ။
ပြောချင်တာက
စစ်ကိုင်းကို PDFက အလုံးစုံ မထိမ်းချုပ်နိုင်တောင်
စစ်တပ်က မအုပ်ချုပ်နိုင်တော့ဘူး ဆိုတာပဲ။
ပြီးခဲ့တဲ့အပါတ်ထဲက
CDM ရဲတချို့နဲ့ အဆက်သွယ်ရပြီ။
NUG ရဲ့ ဦးဆောင်မှုနဲ့အတူ အထူးကွန်မန်ဒို တပ်ရင်းအနေနဲ့ သင်တန်းဆင်းလာပြီ။
လက်နက်အပြည့်အစုံ
တပ်ရင်းတစ်ခု ငှက်ပစ်က အစပါတယ်။
မကြာခင် ထိုးစစ်စဖို့ လုပ်နေပြီ။
စစ်ဒေသမှုးကိုယ်တိုင် ကွပ်ကဲမယ်။
(စသဖြင့်သော သတင်းစကား)
ဘယ်ရပ် ဘယ်နေရာတော့ မပြောတော့ဘူး
စည်းကမ်းရှိရမယ်လေ။
ဝေဖန်ထောက်ပြ အကြံပြုခြင်းသည် ကောင်းသော်လည်း
အမြဲတမ်း ဝေဖန်တိုက်ခိုက် ထိုးနှက်ခြင်းဟာ
တော်လှန်ရေးက ကူရာမကျ ဖျက်ရာကျနေတယ်ဆိုတာလည်း သုံးသပ်ကြပါ။
ငါတို့ တော်လှန်ရေးကို ဘယ်လိုကူညီမယ်
တော်လှန်ရေးကို ငါတို့ ဘယ်လောက်အထိ ထောက်ပံ့မယ်
ဘယ်လို စခတွေကို တိုက်မယ်လို့
ဆုံးဖြတ်ကာ မိမိရဲ့ပါဝင်မှုသည်သာ
တော်လှန်ရေးအောင်မြင်မှု အဆုံးအဖြတ်ဆိုတာ
သတိမပြက်ထားကာ
အာဏာရှင်ကို အတူပူးပေါင်းတိုက်ခြင်းသည်သာ
ပန်းတိုင်ဆိုတာ သိစေချင်ပါတယ်။
ဗိုလ်တေ (စနေသား)

Comments
Post a Comment