- Get link
- X
- Other Apps
- Get link
- X
- Other Apps
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ပြင်သစ်တောင်းဆို
_____ ■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
ဖမ်းဆီးခံထားရတဲ့သူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့
ပြင်သစ်အစိုးရက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
စစ်ကောင်စီက ထောင်ဒဏ်တွေ ထပ်မံချမှတ်နေတာကိုလည်း အပြင်းအထန်ရှုတ်ချကြောင်း
စက်တင်ဘာလ ၂၉ ရက်နေ့ ပြင်သစ်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။ ဒီလိုထောင်ဒဏ်တွေ ထပ်ချနေတာဟာ မြန်မာပြည်သူလူထု
ရွေးချယ်တင်မြှောက်ထားသူတွေကို စစ်ကောင်စီက ကြိုးကိုင်ချယ်လှယ်နေတာကို ပြသကြောင်း၊
တရားမျှတမှုတွေကို စစ်ခုံရုံးတွေက သိမ်းယူထားတာဟာ အခြေခံလူ့အခွင့်အရေးတွေကို
ချိုးဖောက်တာဖြစ်သလို၊ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်တယ်လို့
ပြင်သစ်အစိုးရက ပြောပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာက တောင်းဆိုနေတဲ့
သက်ဆိုင်သူ အားလုံးပါဝင်ပြီး၊ ညှိနှိုင်းဖြေရှင်းရေးဆိုတာနဲ့
ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အာဆီယံနဲ့ အာဆီယံ အထူးသံတမန်ရဲ့
လုပ်ဆောင်ချက်အပြင်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံတမန်ရဲ့
ကြိုးပမ်းမှုတွေကို ပြင်သစ်နိုင်ငံက ဆက်လက်ထောက်ခံသွားမှာ ဖြစ်သလို၊ ဒီမိုကရက်တစ်
အတိုက်အခံတွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ လိုလားကြောင်းလည်း
ပြင်သစ်နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ပြင်သစ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်
နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ RFA Photo - AFP ( ၂ဝဝ၉ ခုနှစ်က ပြင်သစ်နိုင်ငံ
ပဲရစ်မြို့တော်ခန်းမရှေ့မှာ ချိတ်ဆွဲပြသခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံ။

Comments
Post a Comment