နယ်ခြားစောင့် BGF တပ်များမှ မိုင်း(Mine Bomb) များ လိုက်ထောင်

ကော်သူးလေး KNU မူတြော်ခရိုင်အတွင်း ရှိ ကျေးရွာနေအိမ်များအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နောက်လိုက် နယ်ခြားစောင့် BGF တပ်များမှ မိုင်း(Mine Bomb) များ လိုက်ထောင်လျက်ရှိ 

 ၃.၁၀.၂၀၂၂ (မူတြော်ခရိုင်) အကြမ်းဖက်စစ်ကောင်စီ နှင့် နယ်ခြားစောင့် BGF အမှတ် (1014) တပ်များ မူတြော်ခရိုင်အတွင်း ရှိ ပိုကြည်ကျေးရွာ အတွင်းသို့ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည့် ထိုနောက် ညဘက်တွင် ကျေးရွာအနီးနှင့် စိုက်ခင်း၊နေအိမ်များအနီးသို့ မိုင်း များလိုက်ထောင်ထားသည့်အတွက် ကျေးရွာသူရွာသားများ ထိန့်လန့်ကြောက်ရွံနေရကြောင်း မူတြော်သတင်းစဥ်မှ ထုတ်ပြန်ထားပါသည်။ ထိုပြင် ကမမောင်း-ဖာပွန် ကားလမ်းဘေးတွင် ရှိသော ကျေးရွာများ တစ်ရွာနှင့် တစ်ရွာ သွားလာခြင်းမပြုရန် BGF တပ်ခွဲမှူး တာတူး မှ အမိန့်ထုတ်ထားသည်။ ထိုအတူ ယွန်းစလင်းမြစ် အရှေ့ဘက်ရှိ ကျေးရွာများ ကိုလည်း စက်လှေ၊ဆိုင်ကယ်၊မော်တော်ကားများ သွားလာခွင့်ကို ပိတ်ပင်ထားလိုက်သည်။ BGF တပ်မှူး မောင်ချစ်မှ ဒေသအတွင်း ရွာသူရွာသား ကျောင်းသူကျောင်းသားများ အသုံးပြုလျက်ရှိသော (ထီးလါပလယ်ထ) တံတားကို ဖြတ်ကျော်ခွင့် မပြုတော့ခြင်းကြောင့် သွားလာခွင့် မရတော့ခြင်းကြောင့် ရွာသူရွာသားများ အခက်ခဲများနှင့် ရင်ဆိုင်နေရကြောင်း မူတြော်သတင်းစဥ်မှ ထုတ်ပြန်ထားပါသည်။ The Terrorist War Council and Border Guard BGF No. (1014) troops entered Po Kyi Village in Mutraw District and cleared the area. After that, at night, mines were placed near the village and near the plantations and houses, the villagers are terrified, Mutraw News reported.In addition, the BGF division commander Tatoo has ordered that the villages along the Kamaung-Phapon highway should not visit each other. At the same time, boats, motorcycles, and cars have been banned from the villages east of the Yunslin River. BGF commander Maung Chit said that the villagers are facing difficulties because they are no longer allowed to cross the bridge that is used by village school students in the area.source: Mutraw News

Comments