ပျူသင်တန်း ဝင်တိုက် 17ကောင် သေ 53 အရှင်မိ

">
 



ပေါက် မြို့နယ် ဇီးပြားရွာ ပျူသင်တန်းအား မြိုင်(ပကဖ) ဝင်ရောက်တိုက်ခိုက်


▪️ပျူ ၅၀ကျော် အရှင်ဖမ်းမိပြီး ၁၇ ဦးထက်မနည်း သေဆုံးဟု ပကဖပြော


ဟာနာဆန်/People's Spring


မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားကျေးရွာတွင် စစ်ကောင်စီတပ်က ပျူသင်တန်းပေးနေချိန် မြိုင်(ပကဖ)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအုပ်စုဝင်များထွက်ပြေးသွားပြီး ၅၀ ကျော်အရှင်ဖမ်းမိကာ ၁၇ ဦးထက်မနည်း သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။


ယမန်နေ့ (အောက်တိုဘာ ၂ ရက်)မွန်းလွဲ ၁နာရီ ၂၈မိနစ်ခန့်က ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး၉၃ယောက်ခန့် သင်တန်း ပေးနေချိန် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ဇီးပြားရွာတွင် ပြည်သူ့ဘက် ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးသတ်​ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း၊ ကျေးရွာတွင်း နေထိုင်ခွင့်မပေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မြိုင်(ပကဖ)ရင်း - ၁အဖွဲ့နှင့် ပေါက်နှင့်မြိုင်နယ်ရှိကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။


မွန်းလွဲပိုင်းမှ ည ၇ နာရီခန့်အထိ တိုက်ခိုက်ရာတွင် စစ်သား၊ ရဲနှင့်ပျူများ ထွက်ပြေးခဲ့ကြပြီး ပျူအဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ၅၃ဦး အရှင်ဖမ်းမိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။


ဖမ်းဆီးမိခဲ့ ပျုများကို ပြည်သူ့ဘက်တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်မည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ကာ ဆက်လက်၍ စစ်ကောင်စီ ထောက်တိုင်အဖြစ် ရပ်တည်ခြင်းမပြုရန် ဝန်ခံကတိများ ပြုလုပ်စေခဲ့ကြောင်း  မြိုင်(ပကဖ)အဖွဲ့က ပြောသည်။


တိုက်ခိုက်မှုတွင် စစ်သား၊ ရဲနှင့်ပျူ ၁၇ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း၊ ပျူပိုင်ဆိုင်သော နေအိမ်များကို ရွာခံများကိုယ်တိုင်ဖျက်၍ ရဲစခန်းသိမ်းပိုက်နိုင်သည်အထိ အခြေအနေတစ်ရပ်ရှိသော်လည်း တိုက်ပွဲကြာချိန် ၅နာရီ ၂၂မိနစ်ကြာလာကာ  ခဲယမ်းအင်အားနည်းသဖြင့် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ကျည်မျိုးစုံ ၁၇၀၀၀ ထက်မနည်းကုန်ခဲ့ကြောင်း  မြိုင်(ပကဖ)အဖွဲ့က ရှင်းပြသည်။


ဖြစ်စဥ်နှင့်ပတ်သက်၍  မြိုင်ပကဖအဖွဲ့က ဗိုလ်လက်ယျာက "စခန်းကိုဝင်တိုက်တာမဟုတ်ဘူး။ ပျူသင်တန်းပေးနေတာကို မကြိုက်လို့ဝင်လုပ်တာပါ။ ပျူသင်တန်းပေးနေတာ တစ်ရာလောက်ရှိတယ်။ အကုန်ဝင်ဖမ်းပြီး ကျွန်တော်တို့အားသာတယ်။ နောက်ဆုံး စခန်းပါဝင်သိမ်းမယ်လုပ်တာ။ စခန်းကစီးနိုင်ပါတယ်။  ကျည်အင်အားနည်းလာလို့ ပြန်ဆုတ်ခဲ့တာ။ ဖမ်းဆီးမိတဲ့ပျူတွေကို ဘာမှမလုပ်ပါဘူး။ ပြည်သူနဲ့ပေါင်းပါ။ စကစနဲ့မပေါင်းနဲ့။ စကစနဲ့ပေါင်းရင်းသုတ်သင်ရှင်းလင်းမယ်။ မပေါင်းရင် စောင့်ရှောက်မယ်။ အသံဖိုင်တွေပါယူထားတယ်။ လက်နက်တော့မရဘူး။ ကျွန်တော့်လူတွေ လက်နက်သွားသွားကောက်ရင်း ကျတာများလို့။"ဟု ပြောသည်။


စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု


 စစ်သားနှင့်ရဲ ၁၇ ဦး တေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းဆီးရမိ၊ 

 စစ်သားနှင့်ရဲများ ထွက်ပြေး


ရန်ကုန်၊ အောက်တိုဘာ ၃ 


မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ 


စစ်သားနှင့် ရဲ ၁၇ ဦး တေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ 


စစ်သားနှင့်ရဲများ ထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ


 ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


အောက်တိုဘာလ  ၂ ရက်နေ့ မွန်းလွဲ  ၁နာရီ ၂၈မိနစ်မှ စတင်၍ ည ၇ နာရီခန့်အထိ ပေါက်မြို့နယ် ဇီးပြားရွာတွင်


 ပျူစောထီး၉၃ယောက်ခန့်ကို စစ် သင်တန်း ပေးနေသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊


  ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီး တေတ်ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း 


ကျေးရွာအတွင်းမှ နှင်ထုတ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ 


မြိုင်ပကဖအဖွဲ့နှင့်ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ


 ပူးပေါင်းတိုက်က်ခိုက်ကြကြောင်း သိရှိရသည်။ 


တိုက်ပွဲတွင်


 စစ်သား၊ ရဲ၊ နှင့်ပျူစောထီး ၁၇ ဦးသေဆုံးပြီး  ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ 


 ပြည်သူဘက် တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး 


စစ်တပ် ဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိများပြုလုပ်ထားရှိကြောင်း သိရှိရသည်။ 


"မိလာတဲ့ ပျူစောထီးတွေကို လွတ်လွတ်လပ်လပ်ပဲထားပါတယ်။ ဖုန်းတွေပဲ သိမ်းထားတာပါ။


 အခု ထမင်းကျွေးမလို့ ချည်ပေါင်တွေကြော်နေပြီ။

 ရွာတွေကိုပြောချင်တာက ပြည်သူ့စစ်တို့ ပျူစောထီးတို့ မလုပ်ကြနဲ့တော့။ 


ကျနော်တို့မှာ ရွာပေါင်း ၃၅၀ ကျော် ၄၀၀ လောက်ရှိတယ်။ 


ကျနော်တို့ PDF တွေ တုတ်နဲ့တက်ရိုက်ရင်တောင် ခွေးတွေကို နိုင်တယ်။ 


  လက်နက်တွေဘာတွေကို ကျနော်တို့ အဓိကထားပြီး မကောက်ဘူး။

 အဲဒါကြောင့် အသက်ဆုံးရှုံးရတာရှိလို့။


 ခွေးတွေကိုပဲ ထိအောင် ပစ်ဖို့ ပြောထားတာ" ဟု

 ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇီးပြားကျေးရွာ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲစခန်းသိမ်းပိုက်နိုင်သည်အထိ 


အခြေ အနေတစ်ရပ်ရှိ သော်လည်း


 တိုက်ပွဲကြာချိန် ၅နာရီ ၂၂မိနစ် ကြာမြင့်ပြီး ကျည်မျိုးစုံ ၁၇၀၀၀ ထက်


မနည်းအသုံးပြုခဲ့ရကြောင်း ဗိုလ်လင်္ကျာက ဆိုသည်။ 


#အောက်တိုဘာ ၃

#KhitThitMedia 


ဓာတ်ပုံ-စစ်ကိုင်းတွင် စစ်တပ်နှင့်ရဲက ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ်။


Comments