မိမိဖုန်းကိုခိုးသွားသူရဲ့ ဖုန်းနံပါတ်ကိုသိနိုင်မယ့် SIM Card Change Notifier Apk




ဆော့ဝဲလမ်းညွန် added 4 new photos.
September 26 at 9:50pm · Edited
မိမိဖုန်းကိုခိုးသွားသူရဲ့ ဖုန်းနံပါတ်ကိုသိနိုင်မယ့် SIM Card Change Notifier Apk
မိမိဖုန်းအခိုးခံရပီး ဖုန်းခိုးသွားသူရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းထဲကနေ သိနိုင်မယ့် မိုဘိုင်း Android App တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုနည်း SIM Card Change Notifier ထဲဝင်ပါ။
ပုံမှာပြထားသလို မိမိကြိုက်ရာအမည်နဲ သူငယ်ချင်းရဲ့ဖုန်းနံပါတ်ကိုထည့်ပါ ပြီးရင် Save နှိပ်ပြီး Yes နှိပ်ပါ။ ယခု Apk ကိုဖုန်းထဲမှာမတွေ့ရတော့ပါဘူး။
အဘယ်ကြောင့် သူငယ်ချင်းဖုန်းနံပါတ်ထည့်ရလဲဆိုတော့ ဖုန်းခိုးသူက မိမိဖုန်းကို ခိုးသွားပြီးရင် သူ့ရဲ့ SIM Card ကိုထည့်မှာအမှန်ပါဘဲ အဲ့ SIM Card ရဲ့ ဖုန်းနံပါတ်ကို အခုမိမိသူငယ်ချင်းရဲ့ ဖုန်းနံပါတ်ထဲကို အော်တို စာအိပ်ပို့လာမှာဖြစ်ပါတယ်။
SIM Card နှစ်ကဒ်ပါတဲ့ဖုန်းတွေက SIM 1 တွက် အလုပ်လုပ်မှာပါ။
ဖုန်းခိုးသူရဲ့ ဖုန်းကဒ်ထဲမှာ ဖုန်းငွေရှိသေးရင်တော့ မိမိထည့်ခဲ့တဲ့ သူငယ်ချင်းရဲ့ ဖုန်းထဲကို SMS ပို့လာမှာပါ။
Apk ကိုပြန်ဖျက်ချင်ရင်တော့ ဖုန်း Setting > Apps Manager ထဲမှာ Uninstall လုပ်နိုင်ပါတယ်။
ဒါကတော့ဖုန်းမပျောက်မိ ကြိုတင်ပြင်ဆင်နည်းဖြစ်ပါတယ်။
ဒီတော့ဖုန်းခိုးသူရဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပီပေါ့ ။ အရင်စမ်းသပ်ကြည့်ပါ လွယ်လွယ်လေး။ အသုံးပြုနည်းကို ScreenShot ပုံတွေမှာလည်း စမ်းသပ်ပြထားပါတယ်။ SIM Card Change Notifier ကိုတော့အောက်တွင် ဒေါင်းလုပ်ရယူနိုင်ပါတယ်။ File Size 55kb သာရှိပါတယ်။
SIM Card Change Notifier အားဒေါင်းယူရန်။
http://www.swln.info/20…/…/sim-card-change-notifier-apk.html
အာကာ
Software Guide
www.swln.info

Comments