*** အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလေးများ ***




*** အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလေးများ ***
နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဟု ဆိုသော်လဲ၊ လောကနိယာမ သဘောအရ အကောင်းနဲ
့အဆိုးကတော့ အမြဲဒွန်တွဲလျက်ရှိ နေကြစမြဲပါ။ တချို့သစ်ပင်တွေမှာ
လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများရှိကြပါတယ်။
သိ ု့ သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း
မတူညီကြတာကြောင့်၊ ၎င်းအပင်တွေရဲ့ဆေးဝါးများဟာ ကိုယ်ထဲကို
ရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်းသွေးသားစံနစ်နဲ့ အပြောင်းအလဲကို
ဖြစ်စေတတ်တာကြောင့် သတိပြု သုံးစွဲတတ်ဖို့ လိုပါတယ်။ သို့ပါ၍
သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲ မသုံးစွဲသင့်ပါကြောင်း
အောက်ပါအတိုင်း သတိပေး မျှဝေလိုက်ရပါတယ်။
(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ(အနှစ်)ထဲတွင်ပါဝင်သော
အောက်စီဂျင်ဓါတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို
အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊
ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ တို့ကို ကောင်းစွာ ကုသ ပေးနိုင်ပါတယ်။ သို
့သော် ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာ မကျက်သေးခင်မှာ
မလိမ်းသင့်ပါဘူး အနာကျက် နှေးသွားစေပါတယ်။ (ခ) အပင်၏ Enzymes များထဲတွင်
ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီး နံရံရှိ အချွဲ
အကျိများကိုတိုးပွားစေကာ၊ အူကို သန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို
့သော် အပင်ကို အခြောက်ထား၍ ဝမ်းပျော့ဆေး အဖြစ် အမြဲစားသုံးလျှင်တော့
အကျင့်ပါသွားတတ်ပါတယ်။
စမုံမျိုးက နှလုံကိုငြိမ်းအေးစေပြီး၊ အော့အန်ခြင်းကို
ပျောက်ကင်းစေတဲ့အပြင် အစာကိုကျေညက်စေပါတယ်။ စမုန်နက်က အ အေးမိခြင်း၊
ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်း တို့ကို ပျောက်ကင်းစေပါတယ်။
သို့သော် ဆရာဝန်၏ ကြီးကြပ် လမ်း ညွှန်ချက်မပါဘဲ ၎င်းတို့ကို ရက်သတ္တ ၆
ပတ်ထက်ပို၍ မစားသင့်ပါဘူး။
ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင်
ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ သို့ သော် (က) ကြက်သွန်ဖြူဟာ
သွေးကျဲစေတာကြောင့် သွေးမခဲဆေး စားနေရသူများဟာ ခွဲစိပ်ကုသမှုမပြုမီ
ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ (ခ) Hypoglyceamic (ခေါ်) သွေးထဲမှာ
ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများဟာ ကြက်သွန်ဖြူကို လုံး၀ မစားသင့်ပါဘူး။
ချင်းဟာ အစာကျေညက်လွယ်ခြင်း၊ ဆီးနှင့်ဝမ်းကို ရွှင်စေခြင်း၊
ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေ
ပျောက်စေခြင်း၊ ချောင်းဆိုး ပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို
ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာ ရောဂါကို နိုင်ခြင်း စတဲ့
ကျန်းမာရေးအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ သို့သော် ချင်းဟာ
သည်းခြေရည်ကို ပိုထွက်စေတာ ကြောင့် သည်းခြေရောဂါရှိသူများက
ချင်းအခြောက်ကိုဖြစ်စေ၊ ချင်းမှုန့်ကိုဖြစ်စေ ဆေးအဖြစ်မှီဝဲလိုပါလျှင်
ကျွမ်းကျင်သူ ဆရာ ဝန်တို့ ၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။
ငရုပ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့် တို့ကို
ချေဖျက်ပေးနိုင်သလို၊ သည်းခြေရောဂါ၊ ဝမ်းကိုက်ခြင်း၊ ချွေးမ ထွက်ခြင်း၊
ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ် အတွင်းပူသောအနာ တို့ကိုလဲ
သက်သာပြေလျော့ပေးနိုင်ပါတယ်။ သို့သော် (က) ငရုပ်ကောင်းကို နေ့စဉ် ၃၀၀
မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။ (ခ) အရက်သေစာ နှင့် တွဲ၍ မမှီဝဲပါနှင့်။ (ဂ)
အသည်းရောဂါ သမားများဟာ ငရုပ်ကောင်း စားခြင်းမှရှောင်သင့်ပါတယ်။ (ဃ)
ငရုပ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပြောင်းနိုင်စွမ်းရှိတာ ကြောင့်
ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရသူများ ဟာလည်း ငရုပ်ကောင်း
မစားသင့်ပါဘူး။
နွယ်ချိုက အသံကိုကြည်လင်စေပြီး၊ ချောင်းဆိုး နှင့် သလိပ်နာရောဂါကို
ပျောက်စေပါတယ်။ လေနာရောဂါကို နိုင်ပါတယ်။ လူကို ဆူဖြိုးစေပြီး
အားဖြစ်စေပါတယ်။ သို့သော် (က) နွယ်ချိုကို ရက်သတ္တ ၄ - ၆ ပတ်ထက် ပို၍
စွဲမစားသင့်ပါဘူး၊ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်း နိုင်ပါတယ်။ (ခ)
ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း နှင့် ကျောက်ကပ်ရောဂါရှိသူများ အထူး
ရှောင်ရှား သင့်ပါတယ်။ (ဂ) နွယ်ချိုဟာ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို
လျော့နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစားသင့်ပါဘူး။
တရုပ်နံနံပင်ထဲမှာ ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါရှိဘဲ၊
ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင် ပစ္စည်း များ၊ ဗီတာမင် သတ္တုဓာတ်များ
နှင့် ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝစွာပါရှိတဲ့အပြင်
ကင်ဆာကိုတိုက်ဖျက် နိုင်သော acetylenics , phenolic acids နှင့်
coumarins ဓာတ်ပေါင်းစုများပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီး
ထွား ပျံ့နှံ့ခြင်းမှကာကွယ်ပေးပြီး၊ အံ့သြဘွယ်ကောင်းစွာ အနာများကိုလဲ
ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာ နှင့် အမျိုးသားများဆီးကျိတ်ကင်ဆာ တို့ကိုဟန်
့တားပေးနိုင်ပါတယ်။ သို့သော် တရုပ်နံနံပင် က ဆေးအဖြစ်မှီဝဲလျှင်
ဆီးများများသွားစေတာကြောင့် ကျောက်ကပ်ရောဂါသည်များ နှင့် သည်းခြေအိတ်
ဝေဒနာသည်များ အထူးရှောင်ရှားသင့်ပါတယ်။
ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက
ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန်စေသည့်ပြင်၊
စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါတို့ကို
ထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက် သည် ကလေးငယ်များ၏
ဉာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်၍ အရွယ် ၃-ပါးမရွေး
စားသုံးသင့်ပါတယ်။ သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊
အတက်ရောဂါရှိသူများ နှင့် ဝက်ရူးပျံ ရောဂါရှိသူများကတော့
ပင်စိမ်းကိုမစားသင့်ပါဘူး။
လေ့လာစမ်းစစ်မှုမှတ်တမ်းများအရ၊ ကမ္ဘာပေါ် မှာ နနွင်းမှုန့်
အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများဖြစ်ကြရာ၊ ၎င်းလူမျိုးတွေမှာ
ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ
ဖြစ်နိုင်ချေလွန်စွာနည်းပါးကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်
ဖီ(အဖြူ)နှင့်တွဲဖက်၍ ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ
ကာကွယ်ပေးနိုင်ကြောင်း၊ အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာ အရ
စားသုံးလာခဲ့ကြတာကြောင့်လည်း ကလေးငယ်တွေမှာ သွေးကင်ဆာ
ဖြစ်ပွားနှုန်းနည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေ ကာ အသည်းကို
ကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက်
လွန်စွာဆေးဖက်ဝင်ကြောင်း၊ အမျိုးသမီး များရဲ့ သားအိမ်ကို သန့်စေကြောင်း၊
နနွင်းမှုန့်ကို နေ့စဉ် ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း
အိန္ဒိယလူမျိုးတွေ
မှာ ဦးနှောက်ဇရာရောဂါ(ခေါ်)အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ
လွန်စွာနည်းပါးကြောင်း လေ့လာတွေ့ရှိရ ပါတယ်။ သို့သော် အစာ အိမ်အက်ဆစ်
အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေကျောက် နှင့် ညည်းခြေအိတ်ပိတ်ဆို
့ သူများကတော့ နနွင်း စားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။
(ဆောင်းပါးရှင်...ပေါက်ပေါက်...ရေးသားမျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

Comments