ဒူနာခါးနာအတွက် တိုင်းရင်းဆေး


           ဒူးနာခါးနာ အတွက် တိုင်းရင်းဆေး


အမေးများသောမေးခွန်းများကိုထပ်မှန်ရှင်းပြထားပါတယ်

ဒူးနာခါးနာအရိုးအဆစ်နာရောဂါသည်များအတွက်

လွန်ခဲ့သောနှစ်၂၀နီးပါးကထဲကရခဲ့သောဆေးနည်းဖြစ်ပါသည်

အပြင်းအထန်လေ့ကျင့်ခဲ့ကြသောအားကစားသမားများတွင်

sport-injuryတစ်ခုမဟုတ်တစ်ခုရတတ်ပါသည်


ကျွန်တော့်တွင်လည်းခါးနာခြင်းနှင့်ဒူးနာခြင်းရခဲ့ပါသည်။

အားကစားမလေ့ကျင့်သူများလည်းဒူးနာခါးနာအရိုးအဆစ်များ

အကြောင်းအမျိုးမျိုးနှင့်နာတတ်ပါသည်

ကျွန်တော့ခါးနာခြင်းကအမြဲတမ်းမနာဘဲအကြောင်းအကျိုးမသင့်သည့်အခါ

အိပ်ယာထဲလှဲနေရသည်အထိနာပီးသက်သာသွားလျှင်

မနာတော့ပါဒူးနာခြင်းကတော့ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါသည်

ဤဆေးနည်းရခဲ့သည်မှာဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း

အသုံးမပြုဖြစ်ခဲ့ဘဲအခြားမြန်မာနိုင်ငံခြားလိမ်းဆေးပေါင်းစုံလိမ်းခဲ့ပါသည်

နာနေသည့်ဒူးဆစ်အရိုးတွင်ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါပြုလုပ်ခဲ့ပါသည်။






ဘယ်ဆေးနည်းကမျှမသက်သာမပျောက်ကင်းခဲ့ပါ

ဤဆေးနည်းရခဲ့သည်မှာကြာမြင့်လှပီဖြစ်သော်လည်း

မထိုက်သေးသဖြင့်အသုံးမပြုဖြစ်ဘဲရောဂါကိုမွေးမြူလာခဲ့သည်မှာ

ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့်မကောင်းတော့ပါ

ဆယ်စုနှစ်ကျော်ကြာပီးမှအသုံးပြုပီးသက်သာပျောက်ကင်းခဲ့သဖြင့်

ဝေဒနာခံစားခဲ့ရသည့်ကုန်လွန်ခဲ့သောအချိန်များကိုနှမြောမိပါသည်

အစွမ်းထက်လှသောဤဆေးနည်းကို

နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသောဆွေမျိုးမိတ်ဆွေ

တပည့်သားသမီးတို့ကိုပေးခဲ့ပါသည်။




























=======================

Comments