စက်ပြင်ဝါသနာရှင်များ AC generator ပြစ်ချက်ရှာဖွေခြင်











ပထမဆုံး volt meter သော်လည်းကောင်း၊ control such as (Deepsea, Gempac, EMCP,) စသည်တို့မှ volt အခြေ အနေကိုကြည့်မည်။ ဖြစ်နိုင်သော ပြစ်ချက်များမှာ
၁။ No Voltage __ Volt ကို ထွက်မလာတာ။
၂။ low voltage __ phase တခုနဲ့ တခုကြား၊ phase တခုစီနဲ့ natural ကြား သတ်မှတ်ထားသော volt ထက်နည်းနေတာ ဥပမာ 415V or 440V or 690 (သုံးတဲ့ အခြေအနေပေါ်မူတည် ၍) ထက်နည်းနေတာ။
၃။ Unbalance voltage __ phase တခုနဲ့ တခုကြား၊ phase တခုစီနဲ့ natural ကြား သတ်မှတ်ထားသော volt မတူတာ။
ပထမဆုံး အထက်ပါ အချက်များ ကို သိရှိရန် multimeter ဖြင့် generator output terminal များကိုစစ်ဆေးရပါမည်။
၁။ No voltage
1. PMG (permanent magnet generator) ရဲ့ stator နှင့် rotor တွင် ပြစ်ချက်ရှိနေ၍။ စက်ကိုမှန်ကန်သော speed ဖြင့်မောင်းထား၍
PMG ကနေ ထွက်လာ၍ AVR (automotic voltage regulator) သို့ ဆက်ထားသော ကြိုး (P2, P3, P4) တို့ကို ဖြုတ်၍ voltage စစ်ဆေးရပါမည်။ 50 Hz အတွက် 160 AC volt ကနေ 180 AC volt၊ 60 Hz အတွက် 190 AC volt ကနေ 210 AC volt အထိရှိရပါမည်။
2. Loss of residual magnetism ကြောင့်ဖြစ်နိုင်သည်။ excitor ကို battery ဖြင့် flashing လုပ်ပေးရပါမည်။ ပုံတွင်ပြထားသည့်အတိုင်း AVR မှ F1 and F2 ကိုဖြုတ်၍ battery terminal + ကို F1, - ကို F2 ကို ချိတ်ကာ rated speed 2 second ခန့်မောင်းရပြည့်။ ထို့နောက် စက်ကိုပြန်မောင်းကာ normal voltage ရောက်မရောက်စစ် ဆေးရပါမည်။
၂။ Unbalance Volt
Main Stator ကြောင့်ဖြစ်နိုင်သည်။ Main stator မကောင်းလျှင် အပူကြောင့် winding ညော်နံ့ ထွက်လာတတ်သည်။ ဝန်ရုန်းသံ၊ အသံဆူညံတတ်သည်။ winding ကို insulation test စစ်ရမည်။
Insulation test လုပလျှင် AVR မှ excitor ကို ဆက်ထားသော ကြိုး (F1 and F2) ကိုဖြုတ်ထားရပါမည်။AVR ကို မထိခိုက်ရန်ဖြစ်သည်။ ပုံမှာပြထားသည့် အတိုင်း insulation tester (Megger) ဖြင့် စစ်ဆေးရပါမည်။ Megger တွင် low volt (100 to 600V) အတွက် 500 Volt တွင် setting ထားရပါမည်။ (L1 and grounf, L2 and ground, L3 and ground, Natural and ground တို့၏ resistance တို့ကို့ စစ်ဆေးရပါမည်။ အနည်းဆုံး 1Mohm နှင့် အထက်တွင်ရှိရပါမည်။
၃။ low volt
Phase တခုနဲ့တခုကြား voltage နဲပြီး balance ဖြစ်နေလျှင် main stator ကြောင့် မဟုတ်တော့။
၂။ surge supressor
၃။ exciter windings
၄။ main rotator windings များကြောငမ့ဖြစ်နိုင်သည်။
၁။ rotating rectifier assembly ကိုစစ်ဆေးခြင်း
Rotating rectifier ရဲ့ diode များကို များကိုစစ်ဆေးရမည်။ rotating rectifier ရဲ့ diode ခြောက်လုံး ကို
Multimeter ကို ohm မှာထာပြီး ပုံမှာပြထားတဲ့အတိုင်း တဖျက်တချက်စီကို direction နဲ့ reverse direction ဖြင့် ပြောင်ပြန်လှန်၍ စစ်ဆေးရပါမည်။ နှစ်ဖက်စလုံး ohm ရှိနေလျှင် (short circuit) diode မကောင်း။နှစ်ဖက်စလုံး ohm မရှိလျှင်လည်း diode မကောင်း (open circuit)။ တဖက်တွင် ohm ရှိ၍ အခြားတဖက်၌ မရှိလျှင် ကောင်းသည်။ diode တစ်လုံး မကောင်းလျှင် ခြောက်လုံးစလုံး လဲလေ့ရှိသည်။
၂။ surge supressor or varistor
Diode စစ်ဆေးနည်းအတိုင်းဖြစ်သည်။
၃။ exciter windings
Exciter stator winding ကောင်းမကောင်းကိုတော့ AVR သို့ဆက်သွယ်ထားသော windings (F1 and F2) ကိုဖြုတ်၍ multimeter ဖြင့် ohm တိုင်းကြည့်ရပါမည်။ (18 to 30 ohm) ရှိရပါမည်။
၄။ main rotor windings.
Main rotor winding ကို rotating rectifier assembly မှဖြုတ်၍ ohm တိုင်လျှင် 0.5 to 2 ohm ရှိရပါမည်။

Comments