အသားဖြူ ဆပ်ပြာတွေ အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ





အသားဖြူ ဆပ်ပြာတွေ အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ


------

အခုချိန်မှာ မိမိအသားအရေ ပိုမိုဖြူဝင်းစေဖို့အတွက် တော်တော်များများဟာ အသားဖြူဆပ်ပြာနဲ့ခရင်မ်တွေကို အဓိက ထားသုံးလာကြပါတယ်။ အသားဖြူဆပ်ပြာတွေဟာ တင်းတိပ်၊ နေလောင်ကွက်၊ ဝက်ခြံအမာရွတ် နဲ့အရေးအကြောင်းတွေကိုပါ ပျောက်စေပါတယ်။ ဂလစ်ဆရင်းနဲ့သဘောၤသီး ပါဝင်ပစ္စည်းတွေအသုံးပြုထားတဲ့ အသားဖြူဆပ်ပြာတွေက ဘေးအန္တရာယ်မရှိပေမယ့် hydroquinone ဒြပ်ပေါင်းနဲ့ပြဒါး ပါဝင်တဲ့ ဆပ်ပြာတွေကတော့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ Hydroquinone ဒြပ်နဲ့ပြဒါးတို့ပါဝင်တဲ့ အသားဖြူဆပ်ပြာတွေရဲ့ ဆိုးကျိုးတွေကတော့


၁။ Ochronosis (တစ်သျူးအရောင်ပြောင်းလဲမှုရောဂါလက္ခဏာ)
Ochronosis ဆင်ဒရုန်းဆိုတာ ရှားပါးရောဂါလက္ခဏာ တစ်ခုဖြစ်ပေမယ့် Hydroquinone ဒြပ်ပေါင်းကို အရေပြားပေါ် ထိတွေ့ခြင်းကြောင့် ဒီရောဂါ ရနိုင်ပါတယ်။ အရေပြားကိုဖြူဖွေးစေတဲ့ ထုတ်ကုန် ပစ္စည်းတွေမှာပါတဲ့ hydroquinone ဒြပ်ပေါင်းကို ရေရှည်ထိတွေ့အသုံးပြုမှုကြောင့် အဖြစ်များပြီး အဆိုပါ အလှကုန်ပစ္စည်းကို လိမ်းလေ့ရှိတဲ့ အရေပြားတစ်ဝိုက်မှာ အမည်းရောင်အကွက်တွေ ဖြစ်ပေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အညိုရောင်နဲ့အပြာရောင်အကွက်တွေလည်းဖြစ်ပေါ်လေ့ရှိပါတယ်။ Hydroquinone ဒြပ်ပေါင်းဟာ Ochronosis ဆင်ဒရုန်းအပြင် ကင်ဆာရောဂါဖြစ်စေနိုင်သလို ကျောက်ကပ်က အဒရီနယ်ဂလင်းကိုလည်း ထိခိုက်စေပါတယ်။


၂။ ပြဒါးရဲ့ ဘေးထွက်ဆိုးကျိုးများ
တစ်ချို့အသားဖြူဆပ်ပြာတွေမှာ အသုံးပြုထားတဲ့ ပြဒါးဓာတ်က သင့်ရဲ့အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ပြဒါးဟာ အန္တရာယ်ရှိ သိပ်သည်းဆမြင့်သတ္တုတစ်မျိုးဖြစ်ပြီး နုနယ်တဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ပြဒါးပါတဲ့အသားဖြူဆပ်ပြာတွေကို ကြာရှည်အသုံးပြုတာက နာတာရှည်အရေပြားရောဂါများ၊ ကျောက်ကပ်ဆိုင်ရာပြဿနာများအပြင် အာရုံကြောကိုပါ ထိခိုက်စေနိုင်ပါတယ်။ အန္တရာယ်ရှိပါဝင်ပစ္စည်းတွေမပါတဲ့ အရေပြားထိန်းသိမ်းအလှကုန်ပစ္စည်းတွေကိုသာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သုံးသင့်ပါတယ်။


၃။ ရောဂါကူးစက်မှု
တစ်ချို့အသားဖြူဆပ်ပြာတွေဟာ ph7 ထက်များတဲ့ အယ်ကာလီ (ဘေ့စ်) ပါဝင်မှုများတာကြောင့် အရေပြားမှာ မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေကို စွဲကပ်နိုင်စေပါတယ်။ အဆိုပါအလှကုန်ပစ္စည်းတွေ အသုံးပြုပြီး မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေ စွဲကပ်ပြီဆိုရင် အရေပြားကိုထာဝရမထိခိုက်အောင်နဲ့ တခြားသူတွေကို မကူးအောင်လို့ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။
TrendMyanmar
Admin..KS


Comments