ကျန်းမာရေးအတွက်ဆေးတစ်ခွက်ယောကျ်ားတို့အတွက် သင်္ဘောရွက်





ယောကျ်ားမှာ ဆီး၊ မိန်းမမှာ မီး-လို့ ဆိုရိုးစကား ရှိပါတယ်။
စာရေးသူတို့ ယောကျ်ားတွေ တော်တော်များများ ဖြစ်တတ်တဲ့ ဝေဒနာတမျိုးပါ။ စာရေးသူဟာ မကြာခဏ ဆီးနည်း၊ ဆီးအောင့်၊ ကျောက်ကပ်ရောင်ခြင်း ဖြစ်တတ်ပါတယ်။
ဆီးအောင့်ပါများပြီး ကပ်ပယ်အိတ်ပါ ရောင်လာတတ်ပါတယ်။ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာကို ဖြစ်ဖူးသူတိုင်း သိကြမှာပါ။ အလေးအပင် မ,မိရင်လဲ ဖြစ်တတ်ပါတယ်။
တနေ့မှာ စာရေးသူလဲ ကပ်ပယ်အိတ်ပါရောင်ပြီး လမ်းတောင် မလျှောက်နိုင်ပါဘူး။ ဆေးထိုးတော့လဲ သက်သာပေမယ့် အရောင်က မကျဘူး ဖြစ်နေပါတယ်။
ဒီလိုနဲ့ တနေ့မှာ (ကိုကြည်နိုင်)ဆိုတဲ့ မိတ်ဆွေနဲ့ တွေ့တုန်း သူဖြစ်တုန်းက ပအိုဝ်းတိုင်းရင်းသား မိတ်ဆွေပြောတဲ့ ဆေးမြီးတိုနည်းကြောင့် သက်သာ ပျောက်ကင်းခဲ့တဲ့နည်းကို ပြောပြပါတယ်။
စာရေးသူလဲ သူပြောတဲ့နည်းလေးကို သုံးကြည်တာ သက်သာပျောက်ကင်းခဲ့လို့ အခု တင်ပြပေးလိုက်ပါတယ်။
* သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။
ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းပါတယ်။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။
၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပါတယ်။ ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားပါတယ်။
ဦးဌေးနိုင်-မန့်စတိုး
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Comments