- Get link
- X
- Other Apps
- Get link
- X
- Other Apps
____
ကျောက်ကပ်တွင် ကျောက်တည်နေသောရောဂါကို ကုသရာတွင် အဓိကဦးတည်ချက်သည် ကျောက်များကြေ၍ ဆီးနှင့်အတူ အရှိန်ပြင်းစွာဖြင့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာစေရန်ဖြစ်သည်။
ထို့ကြောင့် ကျောက်လည်းကြေ၊ ဆီးလည်းရွှင်စေမည့် အကောင်းဆုံးသော သဘာဝဆေးများကို ရွှေးချယ်စားသုံးရန် လိုအပ်လှပါသည်။
အဆိုပါ အချက်အလက်များနှင့်အရည်အချင်းတို့ပြည့်စုံသော ဆေးပင်မှာ
မြန်မာ့ဆေးလောကတွင် ထင်ပေါ်ကျော်ကြားလူသိများသည့် အစွမ်းထက်ဆေးပင် ပရန္နဝါပင် ဖြစ်ပါသည်။
ပရန္နဝါပင်ကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ အပင်ကို မသိသူများ Google Search မှာလည်း Boerhavia diffusa လို့ရိုက်ပြီး ရှာလိုက်ရင် ရှင်းလင်းထင်ရှားတဲ့ ပရန္နဝါပင်ပုံများကို မြင်တွေ့ရပါလိမ့်မည်။
ဆေးဖော်စပ်နည်း
(၁) ပရန္နဝါပင်၏ ပဉ္ဒငါးပါး(အမြှစ်မှအပွင့်ထိ တစ်ပင်လုံး) ကို ရေစင်အောင်ဆေးပါ။
(၂) ယူထားသောဆေးပင်၏ ၃ ဆ ၁ ခန့် ရေသန့်သန့်ထည့်၍ မီးပျော့ပျော့ဖြင့် ကျိုပါ။
(၃) သုံးခွက်တစ်ခွက်ကျန်သည့်အထိ ကျိုပါ။
(၄) ၎င်းပြုတ်ဆေးရည်ကို လက်ဖက်ရည်ပန်းကန်လုံးခန့်ဖြင့် မနက်၊နေ့၊ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ၇ ရက်တိတိ သောက်ပါ။
ကျောက်များကြေ၍ ဆီးနှင့်အတူ ထွက်လာတာကို မြင်တွေ့ရပါမည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - ဆရာကြီးကျော်တင့်ဆွေ၏ တိုင်းရင်းဆေးနည်းအဘိဓာန်

Comments
Post a Comment